Occupation and Environmnetal Health

လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲ

လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲအနေဖြင့် လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင် ကျန်းမာရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ကျန်းမာရေးမူဝါဒနှင့် ပတ်ဝန်းကျင် ကျန်းမာရေးမူဝါဒဟူ၍ မူဝါဒ (၂) ခုချမှတ်၍ သက်ဆိုင်ရာနှီးနွယ်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများတို့နှင့်ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းခွင်ကျန်းမာရေး နှင့်ပတ်သက်၍ ဆောင်ရွက်ချက်များအနေဖြင့် စက်ရုံ/အလုပ်ရုံများနှင့် လုပ်ငန်းခွင်များသို့ ကွင်းဆင်းသွားရောက်၍ သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဖြစ်ပေါ်လာနိုင်သော လုပ်ငန်းခွင်ဘေးအန္တရာယ်များကို ဆန်းစစ်ဖော်ထုတ်ခြင်း၊ အဆိုပါလုပ်ငန်းခွင် ဘေးအန္တရာယ်များအပေါ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အကြံပြုခြင်း၊ လုပ်သားများကို ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ပြုလုပ်ခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာစံချိန်စံညွှန်များ ပြုစုရေးဆွဲခြင်း၊ လုပ်ငန်းခွင်ရောဂါများ စာရင်းပြုစုခြင်းနှင့် အလုပ်သမားများအတွက် ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းလမ်းညွှန်များ ပြုစုခြင်းတို့ကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်တွင် ပိုးသတ်ဆေးကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်၊ ပြည်သူလူထုအတွင်း ပိုးသတ်ဆေးအဆိပ်သင့်ခြင်းတို့မှ ကာကွယ်ရန်နှင့် တောင်သူလယ်သမားများ ပိုးသတ်ဆေးကို ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရန်တို့အတွက် ကျန်းမာရေးအသိပညာပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ပတ်ဝန်းကျင်ကျန်းမာ ရေးနှင့်ပတ်သက်၍ လေထုညစ်ညမ်းမှုနှင့်ဆက်စပ်နိုင်သော ကျန်းမာရေးပြဿနာများကို ဖော်ထုတ်နိုင်ရန် အတွက် ၂၀၀၈ ခုနှစ်မှစတင်ကာ နေပြည်တော်နှင့် ရန်ကုန်ရုံးခွဲတို့တွင် အခြေပြု၍ ပတ်ဝန်းကျင် လေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်း၊ သောက်သုံးရေနှင့်ဆက်စပ်၍ ဖြစ်ပွားတတ်သော ကျန်းမာရေးပြဿနာများကို ကာကွယ်လျှော့ချနိုင်ရန်အတွက် အမျိုးသားသောက်ရေ၏ အရည်အသွေးစံချိန်စံညွှန်းများအား အတည်ပြု ထုတ်ပြန်နိုင်ခဲ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်း များစီမံခန့်ခွဲမှုရာတွင် ပိုမို၍စနစ်တကျ ဆောင်ရွက်လာနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု စံပြုလုပ်ထုံးများနှင့် လုပ်ငန်းလမ်းညွှန်များကို ပြုစုရေးဆွဲခြင်း၊ ကျန်းမာရေးအဆောက်အဉီများတွင် လူနာများ၊ ဝန်ထမ်းများနှင့် လူနာစောင့်များအတွက် လုံလောက်ပြီး သန့်ရှင်းသော ရေရရှိရန်နှင့် ဆေးရုံ၊ ဆေးပေးခန်းများမှစွန့်ပစ်သည့် အန္တရာယ်ရှိပစ္စည်းများကို ဘေးကင်းစွာ စနစ်တကျ စွန့်ပစ်နိုင်ရန် “WASH in Health Facilities” ကိုအကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ အရေးပေါ်ဘေးအန္တရာယ်ဖြစ်ရပ်များ ပေါ်ပေါက်လာသည့်အခါ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ပတ်ဝန်းကျင်စိစစ်ရေးဓာတ်ခွဲခန်းနှင့် အဆိပ်အတောက်နှင့်ပတ်ဝန်းကျင်ကျန်းမာ ရေးဆိုင်ရာ ဓာတ်ခွဲခန်း (၂) ခုတို့ဖြင့် လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ လိုအပ်သော ဓာတ်ခွဲစစ်ဆေးမှုများကို ပြုလုပ်ပေးလျက် ရှိပါသည်။

 

 

Occupational and Environmental Health Division

Occupational and Environmental Health Division (OEHD) is cultivating occupational and environmental health activities in collaboration with related government ministries, NGOs and INGOs. For the promotion of health and wellbeing of the workers, occupational health program includes monitoring of workplace environment, assessment of potential occupational hazards, advising control measures to identified hazards, providing medical examination and health education to workers, developing occupational safety and health standards,updating“Myanmar Occupational Diseases list” and development of workers’ health surveillance guidelines. OEHD has conducted health promotion activities in order to prevent pesticide poisoning in community including farmers and to promote the safety use of pesticides in agricultural practice. As one of the activities relating to environmental health, OEHD has conducted regular air quality monitoring in Yangon and Naypyi Taw since 2008 to monitor the health effects related to air pollution. Other environmental health activities include developing “National Drinking Water Quality Standards” in order to prevent water related diseases and implementation of ‘WASH in Health Facilities” to have adequate water supplies, toilets and hand washing facilities for patients, caregivers and staff, and clinical and hazardous waste disposal facilities, waste water drainage and treatment appropriate for the type of health facility. In addition, OEHD has already drafted the Standard Operation Procedures (SOP) and guidelines for health care waste management in Myanmar to prevent the health and environmental impacts associated with improper healthcare waste management. Moreover, OEHD has actively participated in public health emergency response to environmental emergencies and disasters. Two laboratories under OEHD, occupational hygiene laboratory and toxicology and environmental health laboratory are currently conducting necessary laboratory investigations relating to occupational and environmental health in order to support the activities of OEHD.

 

 

 

About Us

This is official webpage of Public Health. Daily news, events in DOPH are posted in this page. If you want to know detail about DOPH, please also visit to www.doph.gov.mm

ဝန်ကြီးဌာနများ၏ Website များ

Related UN Organizations and NGOs

Our Contacts

Office No.47, Nay Pyi Taw, Myanmar

067-431071