Nutrition

အာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ မှလုပ်ငန်းဆောင်ရွက်ချက်များ

(၁)ပရိုတင်းအင်အားချို့တဲ့မှုရောဂါကာကွယ်ရေးလုပ်ငန်းများ

(က) ၅-နှစ်အောက်ကလေးများအား ကိုယ်အလေးချိန်၍ ကြီးထွားဖွံ့ဖြိုးမှုစောင့်ကြပ်ခြင်းနှင့် အာဟာရ စောင့်ရှောက်မှုပေးခြင်း (Growth Monitoring and Promotion-GMP)

(ခ) ၅-နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ လတ်တလောအာဟာရချို့တဲ့မှု ကို ရှာဖွေဖော်ထုတ်၍ ကုသစောင့်ရှောက်မှုပေးခြင်း

(ဂ) ၂-နှစ်အောက်ကလေးသူငယ် အစာကျွေးမွေးပြုစုစောင့်ရှောက်ခြင်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်း

(ဃ) မိခင်များအားအာဟာရပညာပေးခြင်း

(၂) သွေးအားနည်းရောဂါကာကွယ်ရေးလုပ်ငန်းများ

(က) သံဓါတ်ဆေးပြားတိုက်ကျွေးခြင်း

ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားတိုက်ကျွေးခြင်း

အပျိုဖော်ဝင်ကျောင်းသူများအား သွေးအားနည်းရောဂါကာကွယ်ရန် တစ်ပတ်လျှင် (၂)ကြိမ် သံဓါတ်အားဆေး တိုက်ကျွေးခြင်း

(ခ) မြန်မာနိုင်ငံသန်ကောင်ရောဂါကာကွယ်ရေးစီမံချက်

အသက်(၂)နှစ် မှ အသက်(၉)နှစ် ကလေးများအား (၆)လ တစ်ကြိမ် သန်ချဆေး (Albendazole) တိုက်ကျွေးခြင်း

ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်(၃) လနောက်ပိုင်းတွင် သန်ချဆေး(Mebendazole)တိုက်ကျွေးခြင်း

(ဂ) အာဟာရပညာပေးခြင်း( သံဓါတ်ကြွယ်ဝသည့်အစာများ စားသုံးတတ်စေရန်၊ သံဓါတ်စုပ်ယူမှုအဟန့် အတားဖြစ်စေမည့် အစာများစားသုံးခြင်းမှ ရှောင်ကြဉ်တတ်စေရန်၊ တကိုယ်ရည်သန့်ရှင်းမှုရှိရန်)

(ဃ) အစာတွင် အဏုအာဟာရဖြည့်စွက်ခြင်း

အသက်(၆)လမှ အသက်(၂)နှစ် ကလေးများအား အဏုအာဟာရမှုန့်ထုပ်များဖြန့်ဝေ၍ အိမ်တွင်းအစာတွင်အဏုအာဟာရဖြည့်စွက်စားသုံးစေခြင်း

ဆန်တွင်အဏုအာဟာရဖြည့်စွက်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း(Vit A, B1, B2, B6, B12, Iron, FA, Zn)

(၃) ဗီတာမင် ဘီဝမ်း ချို့တဲ့ရောဂါကာကွယ်ရေးလုပ်ငန်း

(က) ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား ကိုယ်ဝန်(၉)လ မှစ၍ မွေးပြီး(၃) လအထိ ဗီတာမင်ဘီဝမ်း ဆေးပြားတိုက်ကျွေးခြင်း

(ခ) ဗီတာမင်ဘီဝမ်းချို့တဲ့သူများကို ဗီတာမင်ဘီဝမ်းထိုးဆေးများဖြင့် ကုသပေးခြင်း

(ဂ) အာဟာရပညာပေးခြင်း(အစာအမျိုးအမယ် စုံလင်စွာစားရန်နှင့် အာဟာရတန်ဖိုးများဆုံးရှုံးမှု လျော့နည်းစွာ ချက်ပြုတ်တတ်စေရန်)

(၄) ဗီတာမင်အေ ချို့တဲ့ရောဂါပပျောက်ရေးလုပ်ငန်း

(က) အင်အားပြည့်ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်း

အသက်(၆)လ မှ အသက်(၁)နှစ်အောက်ကလေးများအား (၆)လ တစ်ကြိမ် အင်အားပြည့်ဗီတာမင်ဆေး(100000 IU)တိုက်ကျွေးခြင်း

အသက်(၁)နှစ် မှ အသက်(၅)နှစ်အောက်ကလေးများအား (၆)လ တစ်ကြိမ် အင်အားပြည့်ဗီတာမင်ဆေး(200000 IU)တိုက်ကျွေးခြင်း

နို့တိုက်မိခင်များအား မီးဖွားပြီး(၁)လအတွင်း အင်အားပြည့်ဗီတာမင်ဆေး(200000 IU) တစ်ကြိမ် တိုက်ကျွေးခြင်း

(ခ) အာဟာရပညာပေးခြင်း(အစာအမျိုးအမယ် စုံလင်စွာစားရန်နှင့် အာဟာရတန်ဖိုးများဆုံးရှုံးမှု လျော့နည်းစွာ ချက်ပြုတ်တတ်စေရန်)

(၅) အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေးလုပ်ငန်း

တစ်နိုင်ငံလုံးအိုင်အိုဒင်းဆား စားသုံးစေရေးအစီအစဉ်(Universal Salt Iodization-USI) ဖြင့်ဆောင်ရွက်ခြင်း

 

National Nutrition Progrms by National Nutrition Centre

I.Prevention and Control of Protein Energy Malnutrition(PEM)

1.Growth Monitoring and Promotion (GMP)

 2.Integrated management of acute malnutrition (IMAM)

3.Promotion of Infant and Young Child Feeding (IYCF) practices

II. Prevention and Control of Iron Deficiency Anemia (IDA)

1. Nutrient Supplementation

  a. Iron-folate /Multiple micronutrients for pregnant women

  b. Iron-folate for adolescent schoolgirls

2. Nutrition education

  a. Iron-rich foods

  b. Enhancers and inhibitors of iron absorption

  c. Personal hygiene

3. Integrated Deworming

  a. Community : Children 2-9yr (6 monthly)

  b. School: All school children (primary, middle, high) (6 monthly)

  c. Pregnant women: after 1st trimester (single dose)

4. Food fortification

  a. Home fortification with Micronutrient sprinkles: 6-23 month children

  b. Introduction of Fortified Rice (Vit A, B1, B2, B6, B12, Iron, FA, Zn)

III. Prevention and Control of Vitamin B1 Deficiency (VBD)

1. Vitamin B1 supplementation to Pregnant & lactating women: 9th month of pregnancy until 3 months after child birth (10 mg/day)

2. Prompt and effective management- Vit B1 injection

3. Nutrition education

  a. Dietary diversification

  b. Proper cooking methods

Iv. Vitamin A Deficiency (VAD) Elimination Program

1. Vitamin A supplementation

  a. 100,000 IU Vit A capsule to 6-11mo children

  b. 200,000 IU Vit A capsule to 12-59mo children (6 monthly)

  c. 200,000 IU Vit A capsule to lactating mother within one month after childbirth (Single dose)

2. Nutrition education

  a. Dietary diversification

  b. Proper cooking methods

v.Iodine Deficiency Disorders (IDD) Elimination Program

 -Universal Salt Iodization-USI

 

About Us

ဝန်ကြီးဌာနများ၏ Website များ

Related UN Organizations and NGOs

Our Contacts

Office 47, Nayphitaw

067xxxxxx