Child Health

ကလေးကျန်းမာရေးဖွံ့ဖြိုးရေးဌာနခွဲ

ပန်းတိုင်

  • အသက်ငါးနှစ်အောက်ကလေးငယ်များအားလုံး ရောဂါဘယကင်းဝေး၍ သက်ရှည်ကျန်းမာပြီး ကာယ၊ ဉာဏနှင့် လူမှုဘဝ ပြည့်စုံသောဘဝများရရှိ၍ အနာဂတ်တွင် ဘက်စုံဖွံ့ဖြိုးသော နိုင်ငံ့သားကောင်းများ ဖြစ်လာနိုင်စေရန်

ရည်မှန်းချက်

  • (၂၀၃၀) ခုနှစ်တွငိ မွေးကင်းစကလေးသေဆုံးမှုနှုန်းအား အရှင်မွေး ၁,၀၀၀ လျှင် (၁၂) နှင့် အောက်သို့ကျဆင်းရေး နှင့် အသက်ငါးနှစ်အောက်ကလေးသေဆုံးမှုနှုန်းအား အရှင်မွေး ၁,၀၀၀ လျှင် (၂၅) နှင့် အောက်သို့ကျဆင်းစေရန်

ကလေးကျန်းမာရေးဖွံ့ဖြိုးရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ

  • ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဆင့်တွင် အခြေခံမွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်း၊ သေးငယ်သောမွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်းနှင့် မကျန်းမာသောမွေးကင်းစကလေးနှင့် ကလေးအား ပေါင်းစည်းကုသခြင်းလုပ်ငန်း
  • မြို့နယ်နှင့်တိုက်နယ်ဆေးရုံများရှိ ဆရာဝန်/ဆရာမများအတွက် မကျန်းမာသော မွေးကင်းစကလေးနှင့် ကလေးအား ပေါင်းစည်းကုသခြင်းလုပ်ငန်း
  • ပြည်သူလူထုအခြေပြု မွေးကင်းစကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း နှင့် အသက်ငါးနှစ် အောက်ကလေးများတွင် ဖြစ်ပွားသည့် နောက်ဆက်တွဲပြဿနာမရှိသော လတ်တလော အသက်ရှူ လမ်းကြောင်းပိုးဝင်ခြင်း/ နမိုးနီးယားရောဂါ အရည်ခမ်းခြောက်မှုမရှိသော ဝမ်းပျက်ဝမ်းလျှော ရောဂါတို့အား ကုသမှုပေးခြင်းလုပ်ငန်း
  • ကျန်းမာရေးစနစ်အဆင့်ဆင့်၌ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး အတွက် Quality Improvement Approach အား တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆေးရုံများတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိခြင်း
  • ကာကွယ်တားဆီးရနိုင်သည့် သေဆုံးရခြင်း အကြောင်းရင်းများအား ဖော်ထုတ်နိုင်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်လျက်ရှိသည့် မွေးကင်းစကလေးနှင့် ကလေးသေဆုံးမှုများ စောင့်ကြပ်လေ့လာခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းစနစ်

Child Health Development Division

Goal

  • To ensure children under five are free from diseases and enjoy longevity of life with physical, mental, social and all round development to become better citizens in the future

Objectives

  • By 2030, end preventable deaths of newborns and children under 5 years of age, with all countries aiming to reduce neonatal mortality to at least as low as 12 per 1,000 live births and under-5 mortality to at least as low as 25 per 1,000 live births

Activities by Child Health Development Division

  • Early essential newborn care, care for small babies and Integrated Management of Newborn and Childhood Illnesses (IMNCI)
  • Facility Based Integrated Management of Newborn and Childhood Illnesses (F-IMNCI)
  • Community Based Newborn Care (CBNBC) by female health volunteers through home visits
  • Community Case Management (CCM) of pneumonia and diarrhoea at the community level
  • Quality improvement approach in state and regional level hospitals for quality of health care services of newborn and children by phase manners
  • Child Death Surveillance and Response System (CDSR) that identifies the causes and contribution factors to the deaths, whether it has appropriate responses are taken according to the level of health system and whether continuous surveillance on newborn and child deaths has been carried out

About Us

This is official webpage of Public Health. Daily news, events in DOPH are posted in this page. If you want to know detail about DOPH, please also visit to www.doph.gov.mm

ဝန်ကြီးဌာနများ၏ Website များ

Related UN Organizations and NGOs

Our Contacts

Office No.47, Nay Pyi Taw, Myanmar

067-431071