Administration

စီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များ

၁။ ဝန်ထမ်းရေးရာကိစ္စရပ်များဖြစ်သော ရာထူးတိုးမြှင့်ခြင်း၊ ဝန်ထမ်းအသစ်များခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ နှုတ်ထွက်ခြင်း၊ ပင်စင်ကိစ္စရပ်များ၊ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ခြင်း၊

၂။ ရုံးချုပ်/တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးများရှိ ဝန်ထမ်းများ၏ ဝန်ထမ်း ရေးရာ ကိစ္စရပ်များဆောင်ရွက်ခြင်း၊

၃။ ခွင့်ကိစ္စရပ်များနှင့် နှစ်တိုးကိစ္စရပ်များကို စိစစ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စီမံခန့်ခွဲရေးကော်မတီညှိနှိုင်းအစည်းအဝေးများသို့ တင်ပြရမည့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊

၄။ ဦးစီးဌာနသို့ ရောက်ရှိလာသော ဝင်စာများနှင့်ထွက်စာများ အရေးယူဆောင်ရွက်ခြင်းကို ကြီးကြပ်ဆောင်ရွက်ခြင်း၊

၅။ နိုင်ငံတော်မှချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ် များအား စိစစ်ဆောင်ရွက်ခြင်း၊

၆။ ဝန်ထမ်းအိမ်ရာနေ ဝန်ထမ်းများအား စည်းကမ်းလိုက်နာရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊

၇။ ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်းများနှင့် အခြားပြည်တွင်းသင်တန်းကိစ္စများဆောင်ရွက်ခြင်း၊

၈။ မော်တော်ယာဉ်ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

၉။ ရုံးတွင်း/ရုံးပြင်သန့်ရှင်းရေး၊ ဥယျာဉ်သာယာလှပရေးနှင့် လုံခြုံရေးလုပ်ငန်းများအား ကြီးကြပ် ကွပ်ကဲခြင်း၊

၁၀။ သူနာပြု/သားဖွားများ၏ ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်းများကို ဆောင်ရွက် ပေးခြင်း

၁၁။ သူနာပြု/သားဖွားလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်စီစဉ်ခြင်း၊ အခါအား လျော်စွာစစ်ဆေးခြင်း လိုအပ်သည်များ လမ်းညွှန်ဆောင်ရွက်ခြင်း။

 

 

 

Duties and Responsibilities of Admin Division, Department of Public Health

1. Carrying out the staff affairs including promotion, recruitment of new staff, transfer, resignation, pension issues and regulation of staff's discipline.

2. Administrating staff's affairs under Department of Public Health including central and state and regional offices.

3. Providing staff's affairs relating to leaves, increments and organizing the required documents for coordination and executive committee meetings.

4. Supervising the office letters concerning with the department and taking proper actions in time.

5. Analyzing the Honorary Titles and Awards for the qualified and honorable staff.

6. Supervising the staff according to the rules and regulations.

7. Organizing the required processes for the staff to attend the training courses in the Central Institute of Civil Services and other training courses.

8. Management for effective utilization and maintenance of office vehicles.

9. Supervision for providing the clean and secured office environment.

10. Providing staff's affairs for nurses and midwives in relation to recruitment, promotion and transfer according to current policies.

11. Effective management and frequent monitoring of nurses and midwives' functions.

 

 

About Us

ဝန်ကြီးဌာနများ၏ Website များ

Related UN Organizations and NGOs

Our Contacts

Office 47, Nayphitaw

067xxxxxx