နေပြည်တော်တွင် Workshop on Electronic Health Management Information System Using DHIS2 for Central Supervisors of Department of Public Health ကျင်းပပြုလုပ်
နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်
နေပြည်တော်၊ Hotel Shwe Pyi Taw တွင် Workshop on Electronic Health Management Information System Using DHIS2 for Central Supervisors of Department of Public Health ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူ့ကျန်းမာရေးဉီးစီးဌာနအောက်ရှိ ဌာနခွဲများအနေဖြင့် မိမိတို့ဌာနနှင့်သက်ဆိုင်သည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတင်းအချက် အလက်များကို DHIS2 software အသုံးပြု၍ ထုတ်ယူကြည့်တတ်စေရန်၊ သတင်းပေးပို့ခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးဌာနများမှ အချိန်မီပေးပို့ထားခြင်း၊ ပြည့်စုံစွာဖြည့်သွင်းထားခြင်း ရှိ/မရှိ၊ စာရင်းဇယားများ ထုတ်ယူတတ်စေရန်၊ ဖြည့်သွင်းထားသည့် စာရင်းဇယားများအား ကျိုးကြောင်းစီလျော်မှုရှိ/မရှိ ကြီးကြပ်ကွပ်ကဲနိုင်စေရန်၊ ဂရပ်များ၊ မြေပုံများဆွဲ၍ ဖော်ပြနိုင်ခြင်း၊ သက်ဆိုင်ရာ သတင်းအချက်အလက်ပေါ်မူတည်၍ DHIS2 Dashboard များတည်ဆောက်ခြင်းတို့ကို ပြုလုပ်တတ်စေရန်နှင့် အကျိုးရှိစွာ အသုံးပြုနိုင်စေရန် ဖြစ်ပါသည်။
.jpg)
.jpg)