ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အနာကြီးရောဂါတိုက်ဖျက်ရေးဌာနစိတ်မှ Advocacy Meeting for Township Medical Officers on Leprosy Awareness Campaign အစည်းအဝေး ကျင်းပပြုလုပ်
နေပြည်တော်၊ (၂၀၁၉) ခုနှစ် နိုဝင်ဘာလ (၂၈) ရက်
နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးအဆောက်အဦ၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် Advocacy Meeting for Township Medical Officers on LAC အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူး(ရောဂါနှိမ်နင်းရေး)၊ ဒေါက်တာစည်သူအောင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ရာတွင်-
-အနာကြီးရောဂါကင်းဝေးရေး ရည်းမှန်းချက်ရရှိခဲ့ပြီးဖြစ်သော်လည်း ရောဂါကူးစက်မှုရှိနေ ဆဲဖြစ်ပြီး နှစ်စဉ် အနာကြီးရောဂါလူနာသစ်(၂၅၀၀)ခန့် ရှာဖွေဖော်ထုတ်ဆေးဝါးကုသပေး လျှက်ရှိပါကြောင်း။
-အနာကြီးရောဂါပြန်လည်ဦးမော့မလာစေရေးအတွက် အနာကြီးရောဂါတိုက်ဖျက်ရေးလုပ် ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း။
-တွေ့ရှိသောအနာကြီးရောဂါလူနာသစ်ဦးရေ သိသိသာသာ ကျဆင်းသွားပြီဖြစ်သော်လည်း လူနာသစ်အထွက်များသော Pocket Area များ ကျန်ရှိနေသေးကြောင်း။
ထို့ကြောင့် အနာကြီးရောဂါအဖြစ်များသော Pocket RHC များကိုရွေးချယ်၍ အနာကြီး ရောဂါအသိပညာပေးလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းဖြင့် လူနာသစ်များရှာဖွေ ဖော်ထုတ်၍ ဆေးဝါးကုသခြင်းလုပ်ငန်း(Leprosy Awareness Campaign)ကို ဆောင်ရွက် ခဲ့ရာ လွန်ခဲ့သော(၅)နှစ်အတွင်း RHC (၂၅၀)တွင် စုစုပေါင်းလူနာသစ်(၆၅၀)ဦးကို ရှာဖွေဖော် ထုတ်ပြီး စောစီးစွာဆေးကုသပေးနိုင်ခဲ့ပါကြောင်း။
-တစ်နိုင်ငံလုံး ထွက်ရှိိသောလူနာသစ်များ၏ အချက်အလက်နှင့် နှိုင်းယှဉ်တဲ့အခါမှာ LAC လုပ်ငန်းမှထွက်ရှိိသော လူနာသစ်အချက်အလက်များမှာ ကိုယ်အင်္ဂါချို့ယွင်းမှုအဆင့်-၂ ရှိသူ လူနာများ လျော့နည်းနေခြင်း၊ PB လူနာများ ပိုမိုထွက်ရှိခြင်းတွေ့ရှိရတဲ့အတွက် လူနာ သစ်များကို စောစီးစွာရှာဖွေတွေ့ရှိပြီး ဆေးကုသမှုပေးနိုင်ခဲ့သဖြင့် Early Diagnosis ရရှိခဲ့ ခဲ့သည်မှာ ထင်ရှားပေါ်လွင်နေပါကြောင်း။
-မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများအနေဖြင့် မိမိတို့ မြို့နယ်အတွင်း ဆောင်ရွက်မည့် Leprosy Awareness Campaign လုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြဖို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ The Leprosy Mission Myanmar ၏ Country Director ဒေါက်တာဇော်မိုးအောင်မှ The Leprosy Mission Myanmar update for 2020 အကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။
.jpg)
.jpg)
-အနာကြီးရောဂါကျွမ်းကျင်မှုဆိုင်ရာအကြံပေးအဖွဲ့ဝင် ဒေါက်တာဇော်ဝင်းမှလည်း Global Leprosy Situation နှင့် Current Leprosy Situation in Myanmar အကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အနာကြီးရောဂါတိုက်ဖျက်ရေးဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာမျိုးကိုကိုဇော်မှ LAC လုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးပြောကြားသွားခဲ့ပါသည်။ ဆက်လက်ပြီး အနာကြီးရောဂါတိုက်ဖျက်ရေးဌာနစိတ်မှ လက်ထောက်ဆရာဝန်၊ ဒေါက်တာ အောင်ထွန်းထွန်းမှလည်း LAC လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်နှင့် နေ့ရက်များကို တင်ပြခဲ့ရာ တက်ရောက်လာသူများမှလည်း အသေးစိတ်ညှိနှိုင်းဆွေးနွေးပြီး LAC လုပ်ငန်းဆောင်ရွက်မည့် နေ့ရက်များကို အတည်ပြုသတ်မှတ်ခဲ့ကြပါသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း Leprosy Awareness Campaign ကို အနာကြီးရောဂါ အဖြစ်များသော တိုင်းဒေသကြီး/ပြည်နယ်(ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီးများနှင့် ရှမ်းပြည်နယ်)များရှိ ကျေးလက်ကျန်းမာရေးဌာန(၃၀)တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါသည်။ အဆိုပါအစည်းအဝေးသို့ ညွှန်ကြားရေးမှူး(ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အနာကြီးရောဂါတိုက်ဖျက်ရေးဌာနစိတ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ TAG အဖွဲ့ဝင်များ၊ အနာကြီးရောဂါ အဖြစ်များသော တိုင်းဒေသကြီး/ပြည်နယ်(ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်)များမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ The Leprosy Mission Myanmar မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အနာကြီးရောဂါခံစားခဲ့ဘူးသူ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။